လွိုင်ကော် ၇  နိုဝင်ဘာ 

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူး၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းကို နိုဝင်ဘာ ၁၂ ရက်တွင် လွိုင်ကော်တက္ကသိုလ်၌ စတင်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် သင်တန်းသား ဦးရေ ၁၂၀ လက်ခံသွားမည်ဖြစ်ကာ ကယားပြည်နယ်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ နိုဝင်ဘာ ၁၁ ရက်တွင် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးပါက ဒေသဧည့်လမ်းညွှန်လိုင်စင် ထုတ်ပေးမည်ဖြစ်ကာ လက်ရှိတွင် လာရောက်လျှောက်ထားသူ ၁၀ဝ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)