နေပြည်တော် ၁၃ နိုဝင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ် ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှု လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin International Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် စင်ကာပူနိုင်ငံသား ခရီးသွားဧည့်သည် လေးဦး၊ မလေးရှားနိုင်ငံသား ဧည့်သည်သုံးဦးနှင့် ထိုင်းနိုင်ငံသား ဧည့်သည် နှစ်ဦး စုစုပေါင်း ခရီးသွားဧည့်သည် ကိုးဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ် တစ်စီး၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် သုံးစီးဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်အထိ မြဝတီနယ် စပ်ဂိတ်မှ ဝင်ရောက်လာပြီး မြဝတီ- ကျိုက်ထို- နေပြည်တော်-နမ့်စန်-ကျိုင်းတုံ-တာချီလိတ်မြို့များသို့ သွားရောက် လည်ပတ်၍ နိုဝင်ဘာလ (၄) ရက်နေ့တွင် တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ သို့ ပြန်လည် ထွက်ခွာသွားကြသည်။
နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ပွင့်လင်းရာသီ ကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့် ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင် ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှတစ်ဆင့် ဝင်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
MDN