ရန်ကုန် ၁၆ နိုဝင်ဘာ
မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) သည် All Nippon Airways (ANA) flight NH813 ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ရန်ကုန်သို့ ရောက်ရှိလာသော ၂၀၁၈ ခုနှစ်၏ ငါးသန်းမြောက်ခရီးသည်ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကြိုဆိုခဲ့သည်။
ဂျပန်နိုင်ငံသားကံထူးရှင်ခရီးသည် Mr. Yuji Terauchi ကို ယနေ့ညနေ ၃ နာရီ ၅၆ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်း၊ လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဌ ဦးမြင့်ဌေး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူများ နှင့် ANA လေကြောင်းလိုင်းမှ တာဝန်ရှိသူများမှ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုကြာင်းသတင်းရရှိသည်။
သွန်းဝဿန်