ကော့သောင်း ၃၀ နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာနေမှုနှင့်အတူ ထိုင်းနိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့သို့ ယနေ့နံနက်ပိုင်းက ပြည်ပခရီးသွားဧည့်သည်များ နေ့စဉ်လာရောက် လည်ပတ် လျက်ရှိကြောင်း သိရသည်။

 

လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် ကော့သောင်းမြို့၏ အထင်ကရ သမိုင်းဝင် နေရာများဖြစ်သည့် ယခင်ဗစ်တိုးရီးယားပွိုင့် (ခေါ်) ဘုရင့်နောင်အငူ၊ ဘုရင့်နောင်မင်းတရားကြီး ရုပ်တုကုန်းမြေ၊ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်၊ ၅၅၅ တောင်ဗျူးပွိုင့်၊ မလိဝမ်း သဘာဝရေတံခွန်နှင့် ရေပူစမ်းနှင့် ကော့သောင်းမြို့အနီး  အက်ဒမန်ပင်လယ်အတွင်းရှိ သာယာလှပသည့် သဘာဝအလှမပျက်ယွင်းသေးသည့် ငှက်သိုက်ကျွန်း၊ ညောင်ဦးဖီးကျွန်းနှင့် ခရင်းခွကျွန်း စသည့် နေရာများသို့ အများဆုံးလှည်ပတ်လျက်ရှိကြောင်း သိရသည်။

 

တိုးတက်ဖွံ့ဖြိုးလာနေသည့် တနင်္သာရီတိုင်းဒေသကြီး၏ အဓိကအားထားရာ ခရီးသွားလုပ်ငန်းကဏ္ဍတွင် သာယာလှပသည့် သဘာဝကျွန်းပေါင်းများစွာသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ထံမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)