မာနာမာ ၂၈ ဇန်နဝါရီ
ထိုင်းအာဏာပိုင်များက နှစ်လကြာ ဖမ်းဆီးထားသော ဘောလုံးကစား သမားတစ်ဦးအား ပြန်လည်လွှတ်ပေးရန် နိုင်ငံတကာ အိုလံပစ်ကော်မတီက ဇန်နဝါရီ ၂၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း ယမန်နေ့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။
စွပ်စွဲခံရ
အဆိုပါ ဘောလုံးကစားသမားသည် ဘာရိန်းနိုင်ငံ၏ အာရပ်နွေဦး တော်လှန်ရေးကာလအတွင်း တက်ကြွလှုပ်ရှားခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အသက ၂၅ နှစ်အရွယ်ရှိ ဘာရိန်းနိုင်ငံ၏ အမျိုးသားလူငယ်ဘောလုံးအသင်း ကစားသမားတစ်ဦးဖြစ်ခဲ့သူ ဟာကင်းမ်အယ်လာ ရိန်းဘီသည် ဘာရိန်းနိုင်ငံမှ သြစတြေးလျနိုင်ငံသို့ နေရပ်စွန့် ထွက်ခွာခဲ့ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည်။ ဩစတြေးလျအစိုးရအဖွဲ့က အယ်လာ ရိန်းဘီအား ခွင့်ပြုခဲ့ပြီးနောက် မဲဘုန်းမြို့တွင် ပရော်ဖက်ရှင်နယ် ဘောလးကစားသမားတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိ သည်။
ကစားသမား အယ်လာရိန်းဘီ သည် ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးလာရောက်စဉ် သူ့အားနိုင်ငံ တကာရဲတပ်ဖွဲ့ (အင်တာပို) က ဖမ်းဝရမ်းထုတ်ထားခဲ့သောကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
သစတြေးလျအစိုးရ အဖွဲ့အပါအဝင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များနှင့် နိုင်ငံတကာဘောလုံး အဖွဲ့ချုပ်တို့က ကစားသမား အယ်လာရိန်းဘီအား ပြန်လည်လွှတ်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုထားကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတကာအိုလံပစ်ကော်မတီကလည်း အယ်လာ ရိန်းဘီအား ပြန်လည် လွှတ်ပေးရန် ထိုင်းအာဏာပိုင်များ အား တောင်းဆိုခဲ့သည်။
ကိုင်တွယ်ဖြေရှင်းပေး
ထိုင်းအစိုးရအဖွဲ့အနေဖြင့် အယ်လာရိန်းဘီအား ဖမ်းဆီးထားမှုအပေါ် လူသားချင်းစာနာထောက်ထားပေးပါရန် တိုက်တွန်းထားကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီ၏ ထုတ်ပြန်ချက်တွင်ပါရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာအိုလံပစ် ကောမတီဥကက္ကဋ္ဌ သောမက်စ်ဘက်ချ် က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာဖီးလစ်ပ်ပို ဂရန်ဒီနှင့်တွေ့ဆုံကာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီးဆွေးနွေးခဲ့သည် ။
၂၀၁၂ ခုနှစ် အာရပ်နွေဦး တော်လှန်ရေးတွင် ရဲစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးရာတွင် ဆန္ဒထုတ်ဖော် သူများအား အကူအညီပေးခဲ့ခြင်းအတွက် ဘာရိန်းအာဏာပိုင်များက အယ်လာရိန်းဘီအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ သို့သော် ဘောလုံးကစားသမား အယ်လာရိန်းဘီက အဆိုပါဖြစ်ရပ် ဖြစ်ပွားစဉ်တွင် သူသည် ဘောလုံးပွဲ တစ်ပွဲတွင် ဝင်ရောက်ကစားနေခဲ့သည်ဟုဆိုကာ သူ့အားစွပ်စွဲမှုကို ငြင်းပယ်ခဲ့သည်။
အေအက်ဖ်ပီ