ခင်ဦး  ၂၈  ဇန်နဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သမိုင်းဝင်အညာသီဟတောစေတီအနီးရှိ ခြင်္သေ့ဂူအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ကမ္ဘာ့အမွေ အနှစ်ဒေသများဌာနခွဲ (ဟန်လင်း)မှ ဦးစီးအရာရှိ ဦးစောနိုင်ဦးနှင့်အဖွဲ့သည် ဇန်နဝါရီလ ၂၇ ရက်က သွားရောက် လေ့လာခဲ့သည်။

 

1

 

အဆိုပါအဖွဲ့သည် ခြင်္သေ့ဂူရှိ ဆင်းတုတော်များ၏ ပုံသဏ္ဍာန်နှင့် အုတ်ရိုးများကို လေ့လာခဲ့ရာ ကုန်းဘောင်ခေတ်ဦးက လက်ရာများဟု ယူဆကြောင်း ခင်ဦးမြို့တွင် ကုန်ဘောင်ခေတ် ဦးအောင်ဇေယျ အဆင့်မြှင့်တင် တူးဖော်ခဲ့သည့် တူးမြောင်းနှင့် ရှေးခေတ် ရေအရင်းအမြစ်များ ရရှိအောင် ဆောင်ရွက်ခဲ့မှုများကို သမိုင်းကွင်းဆက် ချိတ်ဆက်နိုင်ရန် လေ့လာနေကြောင်း ပင်တင်းကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ကွမ်းတိုင်း ကျေးရွာနှင့် သံဘိုကျေးရွာ တို့ကိုလည်း ဆက်လက်လေ့လာနေကြောင်း ကမ္ဘာ့အမွေ အနှစ်ဒေသများဌာနခွဲ (ဟန်လင်း)မှ ဦးစီးအရာရှိ ဦးစောနိုင်ဦးက ပြောသည်။

 

စိုးဝေအောင်(ခင်ဦး)
 

2