ညောင်ဦး ၂၁ နိုဝင်ဘာ
တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ပုဂံမြို့ရှိသမိုင်းဝင်ဘုရားများတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အများအပြား ဝင်ရောက်လျက်ရှိကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဌ(၁)ဦးဝင်းမြင့်မောင်က ပြောပြသည်။

သာမန်အချိန်တွင်ပင် ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် များပြားသော ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် တန်ဆောင်တိုင် ပွဲတော်ရုံးပိတ်ရက်အတွငး် သမိုင်းဝင် တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေစည်းခုံ၊ ဓမ္မရာဇက၊ မနုဟာဘုရား၊ မြစေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊တုရင်တောင်စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ သဗ္ဗညုဘုရား၊ ထီးလိုမင်းလို၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ ငှက်ပစ်တောင်၊ စူဠာမဏိ အစရှိသည့် ဘုရားများတွင် ယာဉ်ရပ်နားရန် နေရာ မရရှိလောက်အောင်ပင် များပြားနေကြောင်းသိရသည်။

ပြည်တွင်းပြည်ပဧည့်သည်များနှင့်စည်ကားနေကာ ဘုရားကြီးသို့ဘုရားဖူးလာရောက်ကြသည့် ဧည့်သည်များ စိတ်ချမ်းမြေ့စွာဘုရားဖူးနိုင်ရန် ရွှေစည်းခုံဂေါပက အဖွဲ့မှလည်း လုံခြုံရေး၊သန့်ရှင်းရေး၊အလှူခံဌာန၊ကွပ်ကဲ ကြီးကြပ်ရေးရုံး၊ရေ/လျှပ်စစ်ကဏ္ဍများ အတွက် ရွှေစည်းခုံဘုရားကြီးဘက်ပေါင်းစုံထိမ်းသိမ်းနိုင်ရန် ဝန်ထမ်းပေါင်း ၇၀ ကျော်နှင့် ဂေါကပဥက္ကဌ အဖွဲ့၁၇ ဦးဖြင့် နေ့စဉ်ဘုရားကြီး ဝေယာဝစ္စများဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း ဦးဝင်းမောင်မြင့် ဒုတိယ ဥက္ကဌ(၁)မှပြောပြသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း