ညောင်ဦး ၂၂ နိုဝင်ဘာ  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုများသောကြောင့် ဗူးဘုရားမြစ်ဆိပ်တွင် စက်လှေအငှားလိုက် ပို့ဆောင်သူများ သာမန်အချိန်ထက် အခေါက်ရေ ပိုဆွဲရပြီး စက်လှေလုပ်ငန်းရှင်များ တွက်ခြေကိုက်နေကြောင်း သိရသည်။

 

65+9

 

သာမန်အချိန်များတွင် တစ်နေ့ နှစ်ကြိမ်သာ ပြေးဆွဲရပြီး စက်လှေငှားရမ်းခ တစ်သောင်းခွဲကျပ်ဖြစ်သော်လည်း တန်ဆောင်တိုင်ပွဲတော်ကာလ ဘုရားဖူးလာ ဧည့်သည်များပြားပြီး မြစ်တစ်ဘက်ကမ်း တန့်ကြည်တောင် စွယ်တော်မြတ်စေတီအား သွားရောက်ဖူးမြော်သူ များပြားတဲ့အတွက် စက်လှေပြေးဆွဲခ   နှစ်သောင်းငါးထောင်ကျပ်ထိ ရရှိပြေးဆွဲနေကြောင်း၊ စက်လှေလုပ်ငန်းရှင်များ တွက်ခြေကိုက်နေပြီး စက်လှေပြေးဆွဲရသည့် အကြိမ်ရေလည်း ငါးကြိမ်အထိ ပြေးဆွဲနေရကြောင်း စက်လှေလုပ်သား ဦးစိုးဝင်းက ပြောပြသည်။ 

 

မြစ်တစ်ဘက်ကမ်းရောက်လျှင် တန့်ကြည်တောင် စွယ်တော်မြတ်ဖူးရန်အတွက် ကားထပ်မံငှားရပြီး ငှားသည့်ကားပေါ်မူတည်၍ ကျပ်နှစ်သောင်းသုံးထောင်မှ တစ်သောင်းငါးထောင်ကျပ်အထိ ပေးရကြောင်း စက်လှေပိုင်ရှင်ဦးအောင်သူက ပြောပြသည်။

 

ဗူးဘုရားမြစ်ဆိပ်တွင် စက်လှေအစီးပေါင်း ၂၇၀ ကျော်ရှိပြီး အစီးရေ  နှစ်ရာ့ငါးဆယ် ပုံမှန်ပြေးဆွဲနေကြောင်း၊ အခါကြီးရက်ကြီးများတွင် စက်လှေအကြိမ်ရေ ပိုဆွဲရခြင်းကြောင့် သာမန်အချိန်ထက်  စက်လှေပြေးဆွဲခဝင်ငွေ လေးငါးဆပိုရကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်