မယ်စဲ့   ၂၈ ဇန်နဝါရီ 


တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေးအတွက် ဆွေးနွေးပွဲကို ကယားပြည်နယ် မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၇ ရက်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲတွင် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် မေးခွန်းပုံစံ ဖြေဆိုပုံနည်းလမ်းများနှင့် အမှတ်ပေး စည်းမျဉ်းများကို ကျောင်းသား ကျောင်းသူများအား စနစ်တကျ ရှင်းလင်းဆွေးနွေးခဲ့သည်။ 


အဆိုပါ ဆွေးနွေးပွဲများကို ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်မှ ဆရာ၊ ဆရာမများမှလည်း အထက(မယ်စဲ့)တွင် တက္ကသိုလ်ဝင် အောင်ချက် မြင့်မားရေးဆွေးနွေးပွဲ လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)