နေပြည်တော် ၂၈  ဇန်နဝါရီ 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂)လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် တပို့တွဲလအတွက် ထမင်းနဲပွဲနှင့် ပေါက်ပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁)ရက်နေ့၊ အင်္ဂါနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာ တိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁)ရက်နေ့၌ ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့ စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)