ရွာငံ ၂၈ ဇန်နဝါရီ
ရွာငံမြို့ တောကျယ်ကျေးရွာ မြသပိတ်ရေပြာအိုင်တွင် ပြည်တွင်းရီးသွား ဧည့်သည်များ တစ်ရက်လျှင် လူဦးရေ ၂၀ဝ နီးပါးခန့် လာရောက်လည်ပတ်သူများပြားကြောင်း ဒေသခံ များထံက သိရသည်။

အဆိုပါ ရေပြာအိုင်သည် နောင်ပွင့်တော်မူမည့် အရိမေတ္တရမြတ်စွာဘုရားရှင်ကို ပူဇော်မည့် မြသပိတ်တော်မြှပ်နှံထားရာမှ အရောင်ဟပ်၍ ပြာသည် ဟု အများက ဆိုကြောင်းသိရသည်။

ရွာငံမြို့သည် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့်အပြင် အေးချမ်းရိုးသားသည့် တိုင်းရင်းသားတို့ နေထိုင်ရာ နေရာ တစ်နေရာလည်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ- သူရိန်လင်း


