နေပြည်တော် ၂၈ ဇန်နဝါရီ
ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဘိန်းစိုက်ခင်းများအား ဖျက်ဆီးလျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးသည့် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအရှေ့ဘက် ၂ဖာလုံခန့် အကွာ၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၅)ဧကအား လည်းကောင်း၊ ကျိုင်းတုံမြို့နယ်၊ မွန်ခုတ်ကျေးရွာအနီး၌ ဘိန်းစိုက်ခင်း(၇)ဧက၊ တွန်းဇန်မြို့နယ်၊ ခွေါင်ခန့်ကျေးရွာအနီး၌ ဘိန်းစိုက်ခင်း (၂)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက လည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြား မှသိရသည်။
MDN