နေပြည်တော် ၂၈ ဇန်နဝါရီ 

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာအစ္စရေးနိုင်ငံသံအမတ်ကြီး H. E. Mr. Ronen Gilor အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် အစ္စရေး-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကူအညီပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေအရင်းအမြစ်အသုံးချ ရေးကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးကြသည်။

 

     
(သတင်းစဉ်)

 

PTK