နေပြည်တော်  ၂၈   ဇန်နဝါရီ  

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိအမျိုးသားလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန် ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ်၊ ကျောက်ရဲကျေးရွာ၊ သဲရိုး ကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက် စားမှုကြောင့် ကမ်းပါးပြိုကျနေမှုကိုဟန့်တားရန်အတွက် မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ပေးရန်နှင့် တစ်ဖက်ကမ်းကျွန်းသောင်အား မြစ်ဖြတ် တူးမြောင်းဖော်ပေး ရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး  ဦးကျော်မျိုးက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန အနေဖြင့် ဟင်္သာတမြို့နယ် ကျောက်ရဲကျေးရွာနှင့် သဲရိုး ကျေးရွာ ကမ်းပြိုကာကွယ်ရေးအတွက် ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီ တိုင်းဒေ သကြီးအစိုးရအဖွဲ့ထံသို့ ရန်ပုံငွေကျပ်သန်း (၅၇၀) တင်ပြတောင်းခံခဲ့သော် လည်း ရန်ပုံငွေ မပါရှိခဲ့ပါသဖြင့် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ပထမဦးစားပေးအဖြစ် ထပ်မံတင်ပြတောင်း ခံသွားမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် တစ်ဆက်တစ်စပ်တည်း ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်သော တာငုတ်ကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးအတွက် ရန်ပုံငွေ ကျပ် သန်း (၈၂၀)ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ဒုတိယဦးစားပေးအဖြစ် ထပ်မံတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် မြစ်ဖြတ်မြောင်း တူးဖော်ရန်ကိစ္စနှင့် ပတ်သက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန က ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကွင်းဆင်းလေ့လာခဲ့ရာ တူးဖော်ရမည့် တူးမြောင်းအလျားမှာ (၃ဒသမ၅)မိုင်နှင့် အကျယ်မီတာ (၁၀ဝ) ဖြစ်ပြီး အနက်မှာ လည်း ပင်မရေလမ်းကြောင်းတွင် ဖြစ်ပေါ်နေသော ရေအနက်ထက် တူးဖော်မှ သာ ရေကြောင်းဖြစ်ပေါ်နိုင်သဖြင့် အနည်းဆုံး (၁၀)မီတာ တူးဖော်ရမည် ဖြစ်သောကြောင့် တူးဖော်ရမည့် ပမာဏမှာ ကုဗမီတာ (၆)သန်းခန့်ဖြစ်ပြီး ငွေကျပ်သန်း ၆၀ဝ၀ခန့် ကုန်ကျမည် ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံရမည့် တန်ဖိုးမှာ အလွန်များပြားမည် ဖြစ်ပါကြောင်း။

 

မြစ်ဖြတ်မြောင်းတူးဖော်ပါကလည်း မြစ်ကွေးအလျားနှင့် မြစ်ဖြောင့်လေးကြိုးမျဉ်းတို့၏ အချိုးသည် (၁ ဒသမ ၅) နှင့် (၂ ဒသမ ၅) ရှိရမည်ဖြစ်ပြီး လက်ရှိအနေ အထားအရ အဆိုပါအချိုးမှာ (၁) နီးပါသာ ရှိသဖြင့် ရေလမ်းကြောင်းပေါက်နိုင်မှု အခွင့်အလမ်း နည်းပါးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကျောက်ရဲကျေးရွာနှင့် သဲရိုးကျေးရွာကမ်းထိန်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံ ငွေရရှိပါက ရေလမ်းထိန်းအစီအမံများ ဆောင်ရွက်ပေးမှုကြောင့် ဖြစ်ပေါ်တိုးတက် လာမည့် အခြေအနေရလဒ်အပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သင့်သော အစီအမံများကို တင်ပြသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၏ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊  ကျောက်ကာအုပ်စုရှိ ကျောက်တံခါးဆည်တမံ တွင် ရေထိန်းတံခါးတစ်ခုမိုးရာသီအမီတပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က တမံမှ ရေပေးဝေမှု လွယ်ကူအဆင်ပြေစေရန် ရေထုတ်ပြွှန်ကို စနစ် တကျတည်ဆောက်ပေးခြင်းနှင့် ရေပိုလွှဲအခိုင်အမာတည်ဆောက်ပေးခြင်း လုပ်ငန်း များကိုသာ ဆောင်ရွက်ပေးခြင်းက ပိုမို သင့်လျော်မှုရှိသည်ကို စိစစ်တွေ့ရှိရပါ ကြောင်း၊

 

ထို့ကြောင့် ကျောက်တံခါးရေလှောင်တမံတွင် ရေထုတ်ပြွန်စနစ်တကျတည် ဆောက်ခြင်းနှင့် ရေပိုလွှဲအခိုင်အမာ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့် စူးစမ်းတိုင်းတာလေ့လာမှု လုပ်ငန်းများကို ဦးစွာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများအရ ခန့်မှန်း ကုန်ကျ ငွေတွက်ချက်ကာ လိုအပ်ရန်ပုံငွေကို (၂၀၁၉ - ၂၀၂၀) ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေ ခွဲဝေ ရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၊ ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂) မှ ဒေါ်နွယ်နွယ်အောင် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း က အခန်း(၇) အပိုဒ် - ၂၃ အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများ တွင် သတ်မှတ်သည့်အတိုင်းဖြစ်စေရမည်။ သို့ရာတွင် လက်ထပ်ထိမ်းမြားခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိဉာဉ် ပြုနိုင်သည့် အသက်သည် ၁၈နှစ်ပြည့်ပြီး ဖြစ်ရမည်ဟု ပါရှိပါကြောင်း၊ မိမိအနေဖြင့် အပိုဒ် - ၂၃ တစ်ပိုဒ်လုံးကို ပယ်ဖျက်လိုပါကြောင်း၊ ဥပဒေ၏ အပိုဒ်တစ်ခုတည်းတွင် အသက် ၁၈နှစ်အောက်နှင့် ၁၈နှစ်အထက် ဖြစ်နေပါကြောင်း၊ ဥပဒေ တစ် ခုတည်းတွင် ဒွိဟဖြစ်စရာ ဖြစ်နေပါကြောင်း၊ ကလေးအကျိုး စီးပွားနှင့်လည်း သက်ဆိုင်ခြင်းလည်း မရှိသောကြောင့် ပယ်ဖျက်လိုခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အခန်း ၁၊ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ) တွင်ပါရှိသည့် “နှင့်အခြားခိုင်လုံသော အထောက်အထားစာတမ်း အမှတ်အသား” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရန်နှင့် ၎င်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော ပုဒ်မ ၁၁၀ ပုဒ်မခွဲ (က)ပုဒ်မခွဲငယ် (၆) တွင်ပါရှိသည့် ပုဒ်မခွဲငယ် (၁) မှ (၅)အထိ သတ်မှတ်ထား သော အထောက်အထားများ မရရှိပါက အခြားခိုင်လုံသော အထောက်အထား စာ တမ်းအမှတ်အသားတစ်ခုခု ဟူသည့် စကားရပ်ကို ပယ်ဖျက် ရန် အဆိုပြု ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း။

 

ကျိုးကြောင်းဖော်ပြချက်အနေဖြင့် “အခြားခိုင်လုံသော အထောက်အထား စာတမ်းအမှတ်အသား” ဟူသည့်စကားရပ်သည် ယျေဘူယျဆန်၍ အဓိပ္ပာယ် တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိသည့်အပြင် အထောက်အထားခိုင်လုံမှုကိုတာဝန်ခံ သတ်မှတ်မည့်သူ မပါရှိပါသောကြောင့် ပယ်ဖျက်လိုခြင်း ဖြစ်ပါကြောင်း။

 

ဥပဒေကြမ်းပါ ပုဒ်မ ၃၊ ပုဒ်မခွဲ ည၊ ဋ၊ ဌ၊ ဍ တို့ကို ပြင်ဆင်အဆိုပြုရသည့် အကြောင်းအရင်းမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၏ စိစစ်ကြီးကြပ်မှု ရှိမှသာလျှင် သင်တန်းကျောင်း၊ ပရဟိတဂေဟာ၊ ယာယီ စောင့်ရှောက်ရေးဂေဟာ၊ အခြားနည်းဖြင့်ပြုစုစောင့်ရှောက်မှု တို့၏ လုပ်ဆောင်ချက် များသည် ဥပဒေပါပြဋ္ဌာန်းချက်များ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ တာဝန်ခံ မှု၊ တာဝန်ယူမှု ရှိ/မရှိ စိစစ်ကြီးကြပ်နိုင်မည် ဖြစ်သကဲ့သို့ ဥပဒေနှင့်အညီ မှတ်ပုံတင် တည်ထောင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်သင့်ပါသောကြောင့် ပြင်ဆင်၊ ဖြည့်စွက်၊ အဆိုပြု ရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၊ ကယားပြည် နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဆန်းမြင့်၊ တပ်မတော်သားကိုယ်စား လှယ် ဗိုလ်မှူးရဲအောင်စော၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊လူမော်(သတင်းစဉ်)

 

11