နေပြည်တော် ၂၈ ဇန်နဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာအေးမင်း၊ ခရမ်းမဲဆန္ဒနယ်၏ မိတ်ဆွေ(၄၁)ဦး၊ ဦးရည်မွန်(ခ) မောင်တင်သစ်၊ ပုဗ္ဗသီရိမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သော ကျောက်ဆည်တက္ကသိုလ်“ကျောင်းသားသမဂ္ဂ”အလုပ်အမှုဆောင်အဖွဲ့၊အဖွဲ့ဝင်များ(၃၆)ဦးနှင့်ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စီးပွားရေးဆိုင်ရာ ဥပဒေ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂၀)မှ ကထိက ဒေါ်သက်သက်ဝင်း ဦးဆောင်သည့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၄၇)ဦး၊ စုစုပေါင်း(၁၂၄)ဦးတို့သည် ယနေ့နံနက် ၁၀:ဝ၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှု ခဲ့ကြပါသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့်ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၄၉၆၉ ဦးနှင့် ပြည်ပဧည့်သည် ၂၀၂၁ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)