မန္တလေး ၂၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ မန္တလေး - လားရှိုးလမ်းမကြီး ဘေးရှိ မြေဧရိယာ (၁၀ဝ၀ဝ) ခန့်ပေါ်တွင် လူမှုစီးပွားရေး ၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေခံသော အပန်းဖြေဝန်ဆောင်မှုဖြစ်သည့် New Mandalay Resort City စီမံကိန်းနှင့် စပ်လျဉ်း၍ Feasibility Study ကို Surbana Jurong International Consultants Co.,Ltd မှ ရှင်းလင်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးတွင် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ New Mandalay  Resort City (NMRC) စီမံကိန်းကြီးကြပ်မှုကော်မတီ၏ စတုတ္ထ အကြိမ်အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း ၊ နိုင်ငံတော်အစိုးရမှ NMRC စီမံကိန်းကို ပြည်ထောင်စုအဆင့်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား ရန် Steering Committee ကို ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းပေးခဲ့ ပါကြောင်း၊  Steering Committee  အဖွဲ့ဝင်များက စီမံကိန်းဆိုင်ရာ Vision,Process, Concept စတဲ့ မူဝါဒနှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး တိုင်ပင်ပြီး ချမှတ်ပေးထားပါကြောင်း။ 

 

NMRC စီမံကိန်းအား စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် EOI ခေါ်ယူ ရွေးချယ်ခံရတဲ့ Prefer Bidders Developer (၃) ဖွဲ့ကို ပူးပေါင်းစေပြီး Feasibility Study လုပ်ငန်း ဆောင်ရွက်ခြင်းကို Surbana Jurong အဖွဲ့အား Consultant Firm အဖြစ် လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းရဲ့ Feasibility Study လုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဆောင် ကြပ်မတ်ပြီး (၇) လခန့် အချိန်ယူ၍ Surbana Jurong နဲ့ Developer (၃) ဖွဲ့တို့နဲ့အတူ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါကြောင်း။

 

မြန်မာနိုင်ငံ၏ Myanmar Sustainable Development Plan (MSDP) တွင် နိုင်ငံတော် အဆင့် ဆောင်ရွက်မည့် စီမံကိန်းအဖြစ် Project Bank တွင် ယခု New Mandalay Resort City စီမံကိန်းပါဝင်ကြောင်း ၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် Sector အလိုက် နိုင်ငံတော်အနေနဲ့ နယ်မြေဖွံ့ဖြိုးရေး အတွက်လမ်း ၊ ရေပေးရေး ၊ လျှပ်စစ်မီး ၊ ဆက်သွယ်ရေး စသည်တို့ကိုလည်း ချိတ်ဆက် ပံ့ပိုးပေး နိုင်သည့် အချက်များနှင့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ပေးရန် လိုအပ်ပါကြောင်း၊  ယခု  NMRC စီမံကိန်းဟာ နိုင်ငံတော်ရော ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများရော ၊ ပြည်သူလူထုပါ အကျိုးရှိစေမည့် ဖွံ့ဖြိုးရေးစီမံကိန်းဖြစ်ရန် မျှော်မှန်းပြီး အားလုံးပူးပေါင်း ဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က New Mandalay Resort City စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် Surbana Journg မှ တာဝန်ရှိသူက New Mandalay Resort City စီမံကိန်း Feasibility Study Report နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြမှုအပေါ် ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်းက New Mandalay Resort City စီမံကိန်း Feasibility Study Report နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက်အစည်းအဝေး တက်ရောက်လာသည့် စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြသည်။

 

(သတင်းစဉ်)

 

11