၂၈ ဇန်နဝါရီ

 

နယ်သာလန်နိုင်ငံသည် ဟိတ် မြို့တော်တွင်ယမန်နေ့က  ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား သဖြင့် အဆောက်အအုံတစ်လုံးပျက်စီးခဲ့ပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

လက်ကဝါတီယာ ခရိုင် ဂျန်ဗန်ဒါ ဟီဂျေဒန်စထရပ်တွင် ယမန်နေ့ ညနေ ၄ နာရီ က ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် သုံးထပ် အဆောက်အအုံတစ်လုံး ပြိုကျပြီး ထိုအဆောက်အအုံ၏ ရှေ့မျက်နှာစာ တစ်ခုလုံး  ပွင့်ထွက်ခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းရောက်ရှိလာပြီး အဆောက်အအုံအကျိုးအပဲ့အောက်မှ လူ သုံးဦး ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားကာ အဆောင်အအုံ ပြိုကျမှုကြောင့် ဒဏ်ရာရသူ ကိုးဦး အနက် ခုနစ်ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ယင်းနေရာတွင် နေထိုင်ကြသည့် အိမ်ထောင်စု ၂၀ ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ကိုးကား- ဆင်ဟွာ

 

ဘာသာပြန်- မြင့်မြင့်ချို