ပွင့်ဖြူ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ပန်းခင်းစီမံချက် စံပြကျေးရွာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများက ကျေးရွာရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ကျေးရွာအဝင်လမ်းတွင် ပန်းခင်းစီမံချက် စံပြကျေးရွာ ဆိုင်းဘုတ်အား စိုက်ထူဆောင်ရွက်ကာ ကျေးရွာနေပြည်သူများကို လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်အား အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် တစ်အိမ်တက်ဆင်း သွားရောက်ပြီး ဆွဲ၊ တင် စစ် ပြုလုပ်ကာ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူ ၁၈ ဦးအား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ရရှိအောင် ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် မွေးတိုးစာရင်း ရေးသွင်းခြင်းနှင့် အသေစာရင်း ပယ်ဖျက်ခြင်းလုပ်ငန်းများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးကြသည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို တစ်မြို့နယ်လုံး လူဦးရေ ၃၉၀၀ လျားထား ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး မေ ၃ ရက်မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၄၂ ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ၄၇၂ စု တို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)