ဓနုဖြူ  ၂၈  ဒီဇင်ဘာ   

 

ဧရာဝတိုင်းဒေသကြီး ဓနုဖြူမြို့ရှိ (ဒေသအခေါ်) ဥမ္မာဒန္တီ ကမ်းခြေသို့ ယခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်၊ ဝန်ထမ်းအများစု ရုံးပိတ်ရက်များတွင် ယခင်နှစ်များထက် လာရောက် အပန်းဖြေသူများ ပိုမိုများပြားလာသည်ဟု အဆိုပါ ကမ်းခြေတွင် နေ့စဉ်ဈေးရောင်းချသူများထံက သိရသည်။

 

ဥမ္မာဒန္တီမင်းသမီး တည်ထားခဲ့သည့် စေတီအနီးတွင် တည်ရှိသော ကမ်းခြေဖြစ်သောကြောင့် ဒေသခံများက အစွဲပြုပြီး ဥမ္မာဒန္တီကမ်းခြေဟု အမည်ရသော အဆိုပါ ကမ်းခြေတွင် လာရောက်အပန်းဖြေ အနားယူသူများမှာ ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမိုများပြားကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 

 

ကျွန်တော်တို့ အဖွဲ့က ရန်ကုန်ကနေလာတဲ့ ကျောင်းသားတွေပါ အရင်ကျောင်းပိတ်ရက်တွေ ရုံးပိတ်ရက်တွေဆိုရင် ချောင်းသာကမ်းခြေ ငွေဆောင်စတဲ့ ကမ်းခြေတွေ အသွားများပါတယ်။ ယခုနှစ်မှာတော့ အသစ်ပေါ်လာတဲ့ ဥမ္မာဒန္တီကမ်းခြေကို လာရောက် အပန်းဖြေလေ့လာကြတာပါ။ အားလုံးပျော်နေကြပါတယ်။ တစ်ခုတော့ ရှိတယ် ကမ်းခြေဝင်ကြေး အနေဖြင့် ယာဉ်တစ်စီးကို (၁၀၀၀) ဆိုတာတော့ များပါတယ်ဟု လာရောက် အပန်းဖြေကြသူ ကျောင်းသားများက ဆိုသည်။

 

ကျော်ကျော်(မလိူင်)