ရန်ကုန်  ၂၉  ဒီဇင်ဘာ 

 

မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA) တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ပြေးဆွဲသည့် ရန်ကုန် - ချန်ဒူး(တရုတ်)တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ် စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း ခရီးသည်များသည် ရန်ကုန် - ချန်ဒူး တိုက်ရိုက်ခရီးစဉ်ကို ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ လိုက်ပါစီးနင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်  - ချန်ဒူး ခရီးစဉ်သစ်အတွက် ခရီးသည် ၁၆၄ ဦး လိုက်ပါစီးနင်းနိုင်သည့် B738 နှင့် ခရီးသည် ၁၀၀ ဦး လိုက်ပါစီး နင်းနိုင်သည့် E190 အမျိုးအစားလေယာဉ်တို့ကို အသုံးပြုထားပြီး ရန်ကုန် - ချန်ဒူး(တရုတ်) - ရန်ကုန် အသွားအပြန် ခရီးစဉ်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၃၃၀ ဒေါ်လာမှ စတင်ဝယ်ယူစီးနင်းနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ထားကြောင်းသိရသည်။ ထို့ပြင် ချန်ဒူးမြို့သည် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြေးဆွဲပျံသန်းသည့် ခြောက်ခုမြောက် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်ကြောင်း အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)