ပြင်ဦးလွင် ၃၀ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်၏ (၁၃) ကြိမ်မြောက် ပန်းပွဲတော်၊ ပိတ်ချင်းမြောင်လိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန်၊ တရုတ်ဘုံကျောင်း၊ နှီးဘုရား၊ ဓာတ်တော်ချိုင့်ရေတံခွန်များသို့ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများသည် နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့ အားလပ်ရက်အတွင်း လာရောက်လည်ပတ်လျှက်ရှိသည်။
ခရီးသွားပြည်သူများသည် ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားဖြစ်သည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးအား ဦးစွာဖူးမြော်ကာ နှစ်သစ်အတွက် မိမိတို့၏ ကောင်းမွန်သော အလှူဒါနနှင့်အတူ လိုရာဆုတောင်းပြီး သမိုင်းဝင် ပိတ်ချင်းမြှောင်လိုဏ်ဂူတော်အတွင်းရှိ ဘုရားအား ရှစ်ခိုးပူဇော်ကန်တော်၍ ရှားပါးဆေးဝါးများကို ဝယ်ယူကြကာ သဘာဝရေစီးဆင်းလျှက်ရှိသော ပွဲကောက်ရေတံခွန်သို့ ရေကစား အပန်းဖြေခြင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ( ပြင်ဦးလွင် ) ၏ (၁၃) ကြိမ်မြောက် ပန်းပွဲတော်အား ယခင်နှစ်များနှင့် မတူအောင် ပန်းအလှဆင်နည်းပညာများ၊ ပန်းစိုက်ပျိုးနည်းပညာများ၊ ပန်းမျိုးများအကြောင်းကို လေ့လာရင်း အပန်းဖြေလျှက် နှစ်သစ်ကို ကြိုဆိုကြကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )