ရန်ကုန်  ၂၈  ဇန်နဝါရီ 

 

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကကြီးမှူး၍မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်အဖြစ် “သွေးချင်းတို့ ရဲ့ပွဲတော်ဆီ” ပွဲတော်၏ စတုတ္ထနေ့ကို ဆက်လက်ကျင်းပလျက်ရှိပြီး Miss Ethnic Myanmar ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သည့်တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲကိုပွဲတော် ပဉ္စမနေ့ညပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းပွဲတော် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။

 

DSC_0372.

 

ယနေ့ကျင်းပသည့် စတုတ္ထနေ့ပွဲတော်တွင် ခရီးသွားလုပ်ငန်းရှင်များ၏ ပြခန်းများ နှင့် ဒေသအလိုက် သဘာဝတန်ဖိုးမြှင့် ထုတ်ကုန်များ၊ တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်း သားတို့၏ဒေသအလိုက် ခရီးသွားလုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများ၊ ခရီးသွား ဒေသများနှင့်အထင်ကရနေရာများ၊ ဒေသထွက်ကုန် အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းပြခန်းများ၊ တိုင်းရင်းသားရိုးရာစားသောက်ကုန်အရောင်းဆိုင်ခန်းများသို့ လာရောက်ကြည့်ရှု အားပေးကြသူများနှင့်စည်ကားလျက်ရှိသည်။ 

 

DSC_0390.JP

 

 “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် မြန်မာပြည်ဒေသအနှံ့အပြားမှ မြန်မာ တိုင်းရင်းသား၁၃၅မျိုးတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ အဝတ်အထည်နှင့်စားသောက်ကုန်များ၊ စာပေ၊ ဂီတတူရိယာများ၊ ရိုးရာဓလေ့လုပ်ငန်းသုံးပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ တိုင်းရင်းသားလူမျိုးအလိုက်သမိုင်း၊ လွတ်လပ်ရေးအတူကြိုးပမ်းရယူခဲ့ကြသည့် သမိုင်းများ၊ စာအုပ်စာပေများ၊ စီးပွားရေးလုပ်ငန်းများ၊ ဒေသထွက်ကုန်များကိုခင်းကျင်း ပြသထားသည်။ 

 

DSC_0429

 

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းကကြီးမှူး၍ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း၌နံနက် ၁၁ နာရီခွဲမှ ည ၁၀နာရီကျော်အထိကျင်းပလျက်ရှိရာ ဇန်နဝါရီ ၃၀ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။  

 

သတင်း - သန့်ဇင်ဝင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်

 

DSC_0531