နေပြည်တော် ၂၈ ဇန်နဝါရီ
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဇန်နဝါရီ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် နယ်မြေ(၅)၊ မင်္ဂလာကြီး ချောင်းဝအနီး မသင်္ကာဖွယ် လောင်းလှေတစ်စီးအား အမျိုးသား ၂ ဦး(စိစစ်ဆဲ) မှ လှော်ခတ် နေသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရန်အချက်ပြခေါ်ယူသော်လည်း လာရောက် ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံရေပိုင်နက် အတွင်း ကူးခတ်ထွက်ပြေး သွားသဖြင့် လှေအားပူးပေါင်းအဖွဲ့ဖြင့် သိမ်းဆည်းရမိစစ်ဆေးရာ WY/R စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၂၂၅၀ (၁ ပြားလျှင် ကျပ်၂၀ဝ၀ နှုန်းဖြင့် ၆၀၄၅ သိန်းဖိုး)အား တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN