ကျိုက်ထို  ၃၀  ဒီဇင်ဘာ 

 

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ ပြည်သူများ အပန်းဖြေ အနားယူ သွားလာလည်ပတ်လျှက်ရှိရာ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား၌ ဘုရားဖူးပြည်သူများ အထူးစည်ကားလျှက်ရှိသည်။ 

 

ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်အား လာရောက်ဖူးမြော်သူ များပြားလျှက်ရှိ၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ နယ်မြေခံ ကင်မွန်းစခန်းရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းတာဝန်ကျ တပ်ဖွဲ့ဝင်များ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက ဘုရားဖူးပြည်သူများကို ကူညီစောင့်ရှောက်လျှက်ရှိပြီး ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမြို့နယ် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုတို့မှ မြို့နယ်အတွင်း ဖြတ်သန်းသွားလာလျှက်ရှိသည့် ယာဉ်များအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ 

 

ဝင်းမောင် (ပြန်/ဆက်)