“အဥ္ဇလီအငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ အောက်တိုဘာ ၁

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက် ရှိရာ “အဥ္ဇလီအငြိမ့်”  ဖျော်ဖြေပွဲကို အောက်တိုဘာ (၂)ရက်၊ စနေနေ့ ည(၈)နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို စောမင်းနောင်မှစီစဉ်ပြီး  စတားဗိုလ်လှိုင်း (မြန်မာ့အသံ ဆိုင်းဝိုင်းကြီး) ၏  တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး မီမီခိုင်၊  ရှေ့ထွက်မင်းသမီး ယဉ်ယဉ်ဝေ၊ လူရွှင်တော်များဖြစ်ကြသည့် စောမင်းနောင် ၊ ဇော်မင်းထွန်း ၊ လင်းဇော်နိုင် ၊ ဇင်ဝိုင်း၊ ကျော်မင်းစိုးနှင့် ကျော်သူရတို့က    ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

(သတင်းစဉ်)