ရေတာရှည် ၃၁  ဒီဇင်ဘာ 

 

ရေတာရှည်မြို့နယ် သာဂရမြို့အနောက်ဘက် (၁၀)မိုင်ခန့်အကွာ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသော ဖိုးကျားဆင်စခန်းသို့ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ဖိုးကျားဆင်စခန်း၌ ဝင်ကြေးအဖြစ် ပြည်ပခရီးသွားဧည့်သည်များအတွက် ငွေကျပ် ၁ဝဝဝဝ နှင့် ပြည်တွင်း ခရီးသွား ဧည့်သည်များအတွက် ငွေကျပ် ၁ဝဝဝ ၊ ဆင်စခန်းအတွင်း ဆင်စီးကာ လည်ပတ် လေ့လာလိုသူများ အနေဖြင့် ပြည်ပခရီးသွားဧည့်သည်များအတွက် ဆင်စီးခ ငွေကျပ် ၁ဝဝဝဝ နှင့် ပြည်တွင်း ခရီးသွား ဧည့်သည်များအတွက် ငွေကျပ် ၃ဝဝဝ နှင့် ဆင်စခန်းအတွင်း ခရီးသည်များအေးချမ်းစွာ အနားယူနိုင်ရန်အတွက် သစ်လုံး အိမ်(၂)ခန်းတွဲပါ(၁)ခန်း ၂၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း၊ ထို့အပြင် ဆင်စခန်းမှဆင်များဖြင့် ဖျော်ဖြေတင်ဆက်သည့် အစီအစဉ်များအပြင် တောတောင်ရေမြေသဘာဝကိုလည်း ခရီးသွားပြည်သူများနေဖြင့် ကိုယ်တိုင် လေ့လာနိုင်ကြောင်း ဆင်များအား အစာကျွေးရန်၊ ရေချ(ရေချိုး)တာအား ကိုယ်တိုင် ပြုလုပ်လိုသူ ခရီးသည်များအား ကိုယ်တိုင်ပြုလုပ်နိုင်ရန် စီစဉ်ပေးထားကြောင်း ဆင်စခန်း အတွင်း အရွယ်ရောက်ပြီး စီးဆင် (၁၁) ကောင်နှင့် သားမိ(၂) ကောင် စုစုပေါင်း ဆင် (၁၃)ကောင် ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ရုံးပိတ်ရက်ရှည်များတွင် လာရောက်လည်ပတ်သူများစည်ကားလျှက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းသစ်အုပ်ကြီး ဦးချိုမင်းထံမှ သိရသည်။

 

အဆိုပါ ဆင်စခန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၇၃/၁ နှင့်(၄)မိုင်ခန့်အကွာတွင်တည်ရှိပြီး ရာသီမရွေး အလွယ်တကူ သွားလာနိုင်ကြောင်း သိရသည်။

 

ရေတာရှည်(ပြန်/ဆက်)