နေပြည်တော်  ၂၈  ဇန်နဝါရီ 

 

Invest Myanmar Summit 2019 ၏ မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပသည်။

 

မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

55

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထူးခြားသည့် ဝိသေသလက္ခဏာများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ကိုင်နိုင် မည့် အခွင့်အလမ်းများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်သည့် အားသာချက်များကို ရှင်းလင်းပြောကြားကြသည်။

 

44

 

ထို့ပြင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများ၌လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ပညာရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနိုင်မည့် အခွင့်အလမ်း များကို ကြည့်ရှုလေ့လာကြသူများနှင့် စည်ကားလျက်ရှိသည်။ 

 

33

 

ညနေပိုင်းတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက Invest Myanmar Summit 2019 ၏ ဆွေးနွေးပွဲများ ကျင်းပခဲ့မှုကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များ ပြန်လည်ဖြေကြားသည်။

 

ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ Invest Myanmar Summit 2019 သို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင် များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

22

 

ဂုဏ်ပြုညစာစားပွဲ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က ဂုဏ်ပြုစကားပြောကြားကြသည်။

 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တို့က Invest Myanmar Summit 2019 ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသည့် Gold Sponsor KBZ Group နှင့် Siver Sponsor များဖြစ်ကြသည့် Eden Group of Companies, AYA Bank (Max Group), Asia World Group of Companies နှင့် Shwe Taung Group  တို့ကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ကြပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက Bronze Sponsor များနှင့် Knowledge Partner တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ 

 

(သတင်းစဉ်)

 

11