နေပြည်တော် ၂၈ ဇန်နဝါရီ
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း သည် နယူးယောက်မြို့ရှိ UNICEF ရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Fore အား ယနေ့နံနက် ၉ နာရီတွင်လည်းကောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener အား ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
Ms. Henrietta H. Fore နှင့် တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကိစ္စ၊ စစ်ဘေးရှောင် ဒေသများသို့ UNICEF မှ ကူညီထောက်ပံ့ရေးအဖွဲ့များ သွားရောက်ခွင့်ကိစ္စ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်အရေးကိစ္စ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင် ရောက်လာမည့် ဒုက္ခသည်များကိစ္စနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်း ဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
(သတင်းစဉ်)