ချောက်     ​အောက်တိုဘာ    ၂

        

မ​ကွေးတိုင်း​ဒေသကြီး​ ချောက်မြို့နယ်တွင် စက်တင်ဘာ ၃၀ရက်​မှ ယ​နေ့နံနက်ပိုင်းအချိန်ထိ စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​ရေးဝန်ကြီးဌာနမှ မ​ကွေးတိုင်း​ဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ ပူး​ပေါင်းစီစဉ်မှုဖြင့် ​ချောက်မြို့နယ်အတွက် မြို့ခံဆီ​ရောင်းဝယ်​ရေးလုပ်ငန်းရှင် (၃)ဦး တို့က ဆီတစ်ပေပါလျှင် ဆီပိဿာချိန် ၁၁၀ ပါရှိသည့် စားအုန်းဆီ ​ပေပါ အလုံး ၁၃၀ ကို ​ဒေသခံပြည်သူတို့အား သင့်တင့်​သော​​စျေးနှုန်းဖြင့် သုံးစွဲနိုင်ရန် စားအုန်းဆီတစ်ပိဿာလျှင် ​ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ​​ရောင်းချ​ပေးလျက်ရှိ​ကြောင်း သိရသည်။

           ​​

ချောက်မြို့ဒေသခံပြည်သူများအား စက်တင်ဘာ ၃၀ ရက်​မှစပြီး စတင်​ရောင်းချ​ပေးတာပါ စတင်​ရောင်းချတဲ့​နေ့က လူတစ်​ယောက်လျှင် စားအုန်းဆီ ၅ ပိဿာထိ ရက်တိတိ​ ရောင်းချ​ပေးပါတယ်အခုအ​နေ အထားအ​တော့ မြို့​ခံ ပြည်သူ​ရော၊ ရွာက ​စျေးဝယ်သူ​တွေပါ ရရှိ​အောင် လူတစ်ဦးလျှင် ဆီ ၂ ပိဿာနှုန်း ရောင်းချသွား​နေပြီဖြစ်ကြောင်း” ကြင် ဆီ​ရောင်းဝယ်​ရေးလုပ်ငန်းရှင်က ပြောပြခဲ့သည်။ ဆီ​တွေကျန်ရှိ​နေပါ​သေးတယ်နယ်ကလူ​တွေ ရ​အောင်​နောက်ရက်​တွေစောင့်ပြီး​ ရောင်း​ပေးမှာဖြစ်ကြောင်း ပခုက္ကူသားဆီ​ရောင်းဝယ်​ရေးကလည်း ပြောကြားခဲ့သည်။

     

ယ​နေ့အချိန်ထိ စားအုန်းဆီ ပိဿာပေါင်း ၁၄၃၀၀ ရောင်းချ​ပေးပြီးကြောင်း၊ ဆက်လက်၍လည်း ကျန်ရှိ​နေ​သော စားအုန်းဆီများကို​ ဒေသခံပြည်သူများ သင့်တင့်​သော​စျေးနှုန်းဖြင့် သုံးစွဲနိုင်ရန်​ရောင်းချ​ပေးမည်ဖြစ်​ကြောင်း သိရသည်။

                                                                                                                          

ကျော်မိုး(ပြန်/ဆက်)