နေပြည်တော် အောက်တိုဘာ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားများ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ကောင်စီ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နမ့်ဆန်ဒေသ တိုင်းရင်းသားပြည်သူများက စုပေါင်းလှူဒါန်းသည့် Boly စက်အမျိုးအစား အောက်ဆီဂျင်ထုတ်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံကြီးရှိ အဆိုပါစက်ရုံ၌ ပြုလုပ်သည်။

ဖွင့်ပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်း၊ နမ့်ဆန်မြို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ယင်းနောက် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံမှ တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၇၂ လုံး ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေလှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်