မိုင်းယောင်း အောက်တိုဘာ ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ယမန်နေ့တွင် Maw Nam Ngin Co.Ltd မှ အလှူငွေများ လာရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မိုင်းယောင်းမြို့ Maw Nam Ngin Co.Ltd မှ အလှူငွေကျပ် တစ်သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသုံးဦး သေဆုံးခြင်းများရှိလာခြင်း ကြောင့် အတည်ပြုလူနာများ ထပ်မံသေဆုံးမှုမရှိစေရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ကုသနိုင်ရေး တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း