ကန်ပက်လက်   အောက်တိုဘာ  

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ခါရိုင်းကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခါရိုင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခွင့်ပြုရန်ပုံငွေ ၈၁ ဒသမ ၂၅ သန်းဖြင့် လမ်းအရှည် ၆ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးလက်ကုန်ထုတ်လမ်းသည် ကျေးရွာရှိ အိမ်ခြေ(၅၇)အိမ်၊ လူဦးရေ (၂၉၀)ဦးတို့၏ ကျေးလက်လယ်ယာ ထုတ်ကုန် စပါး(၁၀)ဧကကျော်နှင့် ဝဥနှင့် အခြားသီးနှံ (၁၇၅)ဧကကျော် အကျိုးပြုလျက်ရှိကြောင်း၊ လယ်ယာ ထွက်ကုန်များကို စျေးကွက်သို့ အချိန်မီလွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာ ထွက်ကုန်များ သယ်ယူပို့ဆောင်ရေးများအတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။

စိုးမိုးကျော်