ကသာ အောက်တိုဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများအား "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ်ဦးစီးမှူးရုံးတွင် ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား မေ ၃ ရက်မှစ၍ စက်တင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက်(၁၈)နှစ် ပြည့်ပြီးသူ (၄၅၄)ဦး၊ အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်အကြား (၁၀၈)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၅၅)ခုတို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)