မန္တလေး ၂၉ ဇန်နဝါရီ
ကိုရီးယား-မြန်မာ ငြိမ်းချမ်းရေးဓာတ်ပုံပြပွဲကို ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ မမန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၇၀_၇၁ ကြားရှိ UCFA တက္ကသိုလ် ခရစ်ယာန်မိဿဟာ အသင်းခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲကို ဒေါက်တာဦးဝင်းမြင့်နှင့် ခလီဖွာ ဦးသိန်းဝင်းအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဒေါက်တာဦးဝင်းမြင့်က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (ဆိုင်းတန်း) DBCW က ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့စစ်ပွဲများ ရပ်စဲရေးကြေညာစာတမ်း ဥပဒေများကို ရှင်းလင်းတင်ပြသည်။ အခမ်းအနားသို့ ဘာသာပေါင်းစုံမှ ခေါင်းဆောင် များ၊ စိတ်ပါဝင်စားသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်ဝင်း (ပညာရေး)