မကွေး ၂၉ ဇန်နဝါရီ 

 

မကွေးတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း ယာဉ်တိုက်မှုများကြောင့် လူဦး ရေ ၃၆၇ ဦးသေဆုံးခဲ့ပြီး လူဦးရေ သုံးထောင်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ သိရသည်။

 

1

 

မကွေးတိုင်းဒေကြီး၌ (၂၀၁၇) ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် အမှုပေါင်း (၁၆၀၂) မှုဖြစ်ပွားခဲ့ပြီး  သေဆုံးသူ (၃၈၆) ဦး၊ ဒဏ်ရာရရှိသူ (၂၈၄၄) ဦး ရှိခဲ့ကြောင်း၊  ၂၀၁၈ ခုနှစ်အတွင်း အမှုပေါင်း (၁၆၁၀) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၃၆၇) ဦး၊ ဒဏ်ရာရရှိသူ (၂၇၉၉) ဦးရှိခဲ့ကြောင်း ကောင်စီမှတ်တမ်းများအရ သိရသည်။

 

“ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူတွေကို စစ်ဆေးမှတ်တမ်းတင်ကြည့်တဲ့အခါ အရက်သေစာ သောက်စားထားသူတွေနဲ့ ယာဉ်စီးကမ်း လမ်းစည်းကမ်း မလိုက်နာ တာကို အများဆုံး တွေရှိရပါတယ်။ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတာတွေ၊ ယာဉ်မောင်းရင် ခါးပတ်ကြိုး မပတ်တာတွေကို အများဆုံး တွေ့ရှိရတဲ့အတွက် အသိပညာပေးမှုတွေကို မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက စဉ်ဆက်မပျက်ဆောင်ရွက်နေပါတယ်” ဟု  မကွေး တိုင်း ဒေသကြီး ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

 

2

 

(၂၀၁၈) ခုနှစ်တွင် ၂၀၁၇ ခုနှစ်ကထက် အမှုပေါင်း (၈) မှုပိုတိုးခဲ့သော်လည်း ဒဏ်ရာရသူ (၄၅) ဦး၊ သေဆုံးတဲ့သူ (၁၉) ဦးထိ လျှော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။ 

 

ဇေယျတု(မကွေး)