နေပြည်တော် ၂၉ ဇန်နဝါရီ
တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သစ်တောဦးစီး ဌာနအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနအနေဖြင့် တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများ ဖမ်းဆီးအရေးယူခြင်း ဆောင်ရွက် လျက်ရှိရာ ယခုနှစ် ဇန်နဝါရီ ၂၄ မှ ၂၇ ရက်နေ့ အထိ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ အုတ်တွင်း၊ ဖြူး၊ ပေါက်ခေါင်းမြို့နယ်များမှ ကျွန်း ၂၂၇ ဒသမ ၄၆၂ တန်၊ သစ်မာ (၁ဒသမ၅၂၄)တန်နှင့် အခြား (၁ဒသမဝ၇၂)တန် အား ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ပဲခူးရိုးမအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ သစ်ထုတ်လုပ်မှုအား (၁၀)နှစ် ရပ်ဆိုင်းထားကြောင်း သိရသည်။
(ဟန်လင်းနိုင်)