နေပြည်တော် ၂၉ ဇန်နဝါရီ
ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဘိန်းစိုက်ခင်းများအား ဖျက်ဆီးလျက်ရှိရာ ဇန်နဝါရီလ ၂၈ ရက်တွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအရှေ့တောင်ဘက် ၂ ဖာလုံခန့် အကွာ၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၆)ဧကအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ပင်လောင်းမြို့နယ် ကက္ကော်ကြီးကျေးရွာ၌ ဘိန်းစိုက်ခင်း(၇) ဧကခန့်၊ ကျိုင်းတုံ မြို့နယ် တင်းထပ်ကျေးရွာ၌ ဘိန်းစိုက်ခင်း(၁၀)ဧကခန့်၊ တန့်ယန်းမြို့နယ်၊ နောင်ဖာကျေးရွာ၌ ဘိန်းစိုက်ခင်း(၃)ဧကခန့်နှင့် တွန်းဇန်မြို့နယ် ခွေါင်ခန့်ကျေးရွာ၌ ဘိန်းစိုက်ခင်း(၁) ဧကခန့် တို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)