နေပြည်တော် ၂၉ ဇန်နဝါရီ
မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ ရှေ့တန်း အမှတ်(၁)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ မကျီးချောင်း နယ်မြေရုံးမှ ဒုတိယရဲမှူး ကျော်သက်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၅)ပါ(၂)စီးဖြင့် လည်း ကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Shahparirdip ကင်းစခန်းမှ Subedar Md. Najrul Islam ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်(၂)စီးဖြင့်လည်းကောင်း၊ စုစုပေါင်း(၄) စီးတို့သည် ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မကျီးချောင်း ချောင်းဝထိပ် နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ် (၂)မှ အောင်ဗလချောင်းဝထိပ် ရေမိုင်အမှတ်(၅)ထိ နတ်မြစ်ကြောင်းအတိုင်း ရေမိုင်နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၅)ပေါ်၌ နှစ်ဖက်ညှိနှိုင်းကင်းလှည့် သည့် အဖွဲ့များတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)