တောင်ကြီး  ၂၉  ဇနန်နဝါရီ  


ရှမ်းပြည်နယ်(တောင်ပိုင်း)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသောမြန်မာ(GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

mdn


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီး ဦးစိုင်းလုံကျော် က အမှာစကား ပြောကြားပြီး မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့ရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးက တောင်သူကြီးများကိုယ်စား ဦးချမ်းထွေးပါ ၂၅ ဦးအား လက်ခံရယူပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က ဦးဖိုးထူပါ(၂၂)ဦးကိုယ်စား လက်ခံပြီး တာဝန်ရှိသူများက အသီးသီး မြန်မာ(GAP)အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 


သင်တန်းကိုဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ (နေပြည်တော်) ဦးစီးအရာရှိ ဒေါက်တာ ဝဏ္ဍထွန်းက သီးနှံများတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ(GAP) ဖြင့် ဆောင်ရွက်ခြင်း ခေါင်းစဉ်စီးဖြင့် သင်တန်းကို စာတွေ့နှင့်မေးမြန်းခြင်းများကို သင်ကြားပို့ချသွားပြီး သင်တန်းအား ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

 

mdn