စေတုတ္တရာ    ၂၉    ဇန်နဝါရီ    
    
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်လူမှုဖွံ့ဖြိုးရေးရပ်ဝန်းမှ ဦးဆောင်၍ “ လူငယ်နှင့် အနာဂတ်ပညာရေးစကားဝိုင်း “ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk ) ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဓမ္မာစကူးလ်ခန်းမတွင် ကျင်းပခဲ့သည်။


ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုဦးက ပြည်သူ့စကား ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်များကို ရှင်းလင်းပြောကြားသည်။ 


ထို့နောက် ပြည်သူ့စကားဝိုင်းအား ဦးဆောင်ဆွေးနွေးကြရာ ဦးအောင်မြင့် (ညွန်ကြားရေးမှူး)မှ အနာဂတ်ပညာရေးနှင့် ပတ်သက်၍ ကျောင်းသား/ သူများအား ဆွေးနွေးပြောကြားခဲ့သည်။

 

mdn


ဆက်လက်၍  ဦးမင်းကိုနိုင် (၈၈ ကျောင်းသားခေါင်းဆောင် ) ၊ ဒေါ်ညိုညိုဦး (တိုင်း-လွှတ်တော်ကိုယ်စားလှယ် ) နှင့် ဦးဝင်းမြင့်ထွေး (ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ) တို့က “လူငယ်နှင့် အနာဂတ်ပညာရေး “ အကြောင်းအရာနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြသည်။

 
ယင်းနောက် စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများက သိရှိ လိုသော အကြောင်းအရာများကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


အဆိုပါ “လူငယ်နှင့် အနာဂတ်ပညာရေး” စကားဝိုင်းသို့ ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်မိရပ်ဖများ ၊  စေတုတ္တရာမြို့နယ် အထကကျောင်းနှင့် အမှတ် (၁) အ.လ.က (ခွဲ) မှ ကျောင်းသား/သူများ စုစုပေါင်းအင်းအား  ၄၀ဝ  ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။


စည်သူလွင်(ပြန်/ဆက်)

 

mdn