ရေကြည် ၂၉  ဇန်နဝါရီ  


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် နှောကုန်ကျေးရွာအုပ်စု ဒွါးရားစုကျေးရွာနှင့် ကညင်ငူကျေးရွာအုပ်စု ထန်းပင်ကျိုးကျေးရွာချင်း ဆက်ထားသည့်  အများပြည်သူ သွားလာနေသော  စစ်ကိုင်းကွေ့ခေါ် ကမ်းနားလမ်းသည် ယမန်နေ့ ညနေပိုင်းက ကမ်းပြိုမှုကြောင့် ပျက်စီးသွားခဲ့ကြောင်းသိရသည်။


ယင်းသို့ ပျက်စီးသွားမှုကြောင့် ယနေ့နံက်ပိုင်းတွင် နှောကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်နှင့် ရပ်မိရပ်ဖများ ဒေသခံများသည်  ကားတစ်စီးစာ အကျယ်လမ်းကို  ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေအောင် အမြန်ဆုံး လမ်းဖောက် လုပ်ပေးနိုင်ခဲ့ပြီး ဒေသခံ ပြည်သူများ သွားလာမှု အဆင်ပြေနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။


အဆိုပါလမ်းသည် ဒွါးရားစုနှင့် ထန်းပင်ကျိုး ကျေးရွာ ဆက်သွယ်ထားသော လမ်းဖြစ်ပြီး  ယင်းလမ်းကို နှောကုန်းကျေးရွာ၊ ဒွါးရားစုကျေးရွာ၊ ကွင်းလျှားကျေးရွာတို့ သွားလာရာ၌ အသုံးပြုနေသော လမ်းဖြစ်ကြောင်း သိရသည်။


မင်းဇော်ဦး(ရေကြည်)