၂၉ ဇန်နဝါရီ
ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းလွန်ဒေသ ချီဘား စီရင်စု တွင် ပြင်းအား ၅ ဒသမ ၃ ပမာဏ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းနှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသဌာနက ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု (သို့မဟုတ်) ဒဏ်ရာရရှိမှု ယခုချိန်ထိ မရှိသေးကြောင်း သိရသည်။
ဂျပန်မိုးလေဝသ ဌာန(JMA) ၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါငလျင်သည် ဒေသစံတော်ချိန် ၁၂ နာရီ ၄၂ မိနစ်တွင် ချီဘားစီရင်စု အရှေ့ဘက်ကမ်းလွန် ဒေသကို ဗဟိုပြုခဲ့ပြီး မြောက်လတ္တီတွဒ် ၃၅ ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် ၁၄၁ ဒသမ ၁ ဒီဂရီ ဗဟိုချက်တွင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းငလျင်သည် ၄၀ ကီလိုမီတာ အနက်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို