ပုသိမ်၂၉ ဇန်နဝါရီ       
           

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဟိုတယ်၌ ဧရာဝတီမြစ်ဝှမ်း ဆုံးဖြတ်ချက် အထောက်အကူပြု စနစ်နှင့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး မဟာစီမံချက်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေနှင့်သက်ဆိုင်သူများ ပါဝင်သည့် ရေဖိုရမ်ဖွဲ့စည်းရန်အတွက် ပြည်သူအကြံပြု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက 
ကျင်းပ ခဲ့သည်။


အခမ်းအနားကို ရေနှင့်သက်ဆိုင်သူများကို ဧရာဝတီမြစ်ဝှမ်း စီမံကိန်းလုပ်ငန်းများတွင် ကနဦး အချိန်မှစ၍ ပါဝင်ဆုံးဖြတ်ခွင့်ရရန်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် ဒေသဆိုင်ရာ ရေဖိုရမ် လုပ်ငန်းစဉ်ကို စတင်ရန်၊ ဧရာဝတီမြစ်ဝှမ်းဆုံးဖြတ်ချက် အထောက်အကူပြုစနှစ်နှင့် ဧရာဝတီ မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး မဟာစီမံချက် ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်တို့ကို တင်ပြရှင်းလင်းရန်၊ ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနာဂတ်ပုံရိပ်နှင့်မျှော်မှန်းချက်၊ ရည်ရွယ်ချက် များကို ရေနှင့်သက်ဆိုင်သူများနှင့်အတူတကွ ဆွေးနွေးတိုင်ပင်ကာ ဦးစားပေးလုပ်ငန်းများကို ရွေးချယ်ရေးဆွဲသွားရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး ဆည်မြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ Hydro -Informatics Centre ( HIC ) မှ ဒါရိုက်တာ၊ သုတေသီ နှင့် ဦးဆောင်သူများ၊ တက်ရောက်ကြပြီး ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အဖွဲများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN