မိုးညှင်း ၂၉ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ သာစည်ရပ်ကွက်တွင် အခြေခံဆိုင် ကယ်စက်ပြင်သင်တန်း (၁/၂၀၁၉) ဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဋ္ဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မိုးညှင်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုလက်ဆောင်များဖြစ်သည့် လုပ်ငန်းခွင်သုံး ပစ္စည်းကရိယာများကို ပေးအပ်ခဲ့သည်။
ထို့နောက်သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ မိုးညှင်းမြို့နယ် ကျေးရွာ (၈) ရွာမှ သင်တန်းသား (၁၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စုစုပေါင်း (၁၅) ရက်ကြာမြင့်ကြောင်း သိရသည် ။
နီတိုး(မိုးညှင်း)
