ဝါရှင်တန် ၂၉ ဇန်နဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၅ ရက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်းကို ပြောကြားမည်ဖြစ်ကြောင်း သိရသည်။ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီက အမေရိကန်သမ်္မတ ဒေါ်နယ်ထရမ့်ကို နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားရန် ဖိတ်ကြားထားကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌရုံးက ယမန်နေ့တွင် ကြေညာလိုက်သည်။
အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှု ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း တွင် ယခုလို နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားရန် ရက်သတ်မှတ်အတည်ပြု ခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ ညှိနှိုင်းသဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လွှတ်တော်နှစ်ရပ်ရှေ့မှောက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်းကို ပြောကြား ပေးပါရန် သမ္မတကို ဖိတ်ကြားကြောင်း နန်စီပယ်လိုစီ၏ စာထဲတွင် ဖော်ပြထားကြောင်း သိရသည်။
ယခင်က အမေရိကန်သမ်္မတ ထရမ့်သည် နိုင်ငံတော်အခြေပြု မိန့်ခွန်းကို လွှတ်တော်နှစ်ရပ်ရှေ့တွင် ဇန်နဝါရီ ၂၉ ရက်မှသာ ပြောကြားရန် စီစဉ်ခဲ့သော် လည်း အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီက လုံခြုံရေးအကြောင်းပြကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းပြောကြားမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
အေအက်ဖ်ပီ