၃၀ ဇန်နဝါရီ

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်များကို လုံးဝ စွန့်လွှတ်ဖွယ်မရှိကြောင်း အမေရိကန် အကြီးတန်း ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောကြားသည်။

အမျိုးသားထောက်လှမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒန်းကုတ်စ်က အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ၏ ရှေ့မှောက်တွင် ယင်းသို့ သက်သေထွက်ဆိုခဲ့သည်။

နျူကလီးလျော့ချရေးနှင့်ပတ်သက်ပြီး သဟဇာတမဖြစ်သော လှုပ်ရှားမှုများကို လေ့လာတွေ့ရှိခဲ့ကြောင်း လေ့လာတွေ့ရှိချက်များကို ၎င်းက အထောက်အထားများဖြင့် ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံက အဖျက်စွမ်းအားကြီးမားသော လက်နက်များထုတ်လုပ်နိုင်စွမ်း ထိန်းသိမ်းထားရန် ကြိုးပမ်းမည်ဖြစ်ပြီး နျူကလီးယား လက်နက်များကို စွန့်လွှတ်ဖွယ်မရှိကြောင်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်များက အစိုးရ ဆက်လက်အာဏာရရှိရန် နျူကလီးယားက အရေးပါသော လက်နက်ဖြစ်ကြောင်း ရှုမြင်ကြသည်။

အမေရိကန်နိုင်ငံဦးဆောင်သော အရေးယူပိတ်ဆို့မှုက ထိရောက်မှုရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံက သံတမန်ပိုင်းဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ၎င်းတို့၏ သက်ရောက်မှုများကိုလျော့ချရန် ကြိုးစားနေကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn