ဘားအံ ၃၀ ဇန်နဝါရီ
ကရင်ပြည်နယ်၏ မြောင်းပိုင်းဒေသဖြစ်သော လိပ်သို့မြို့သည် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး လမ်းပေါ်တွင်ရှိပြီး အဆိုပါ လမ်းပေါ်ရှိကျေးရွာများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်အစိုးရ အဖွဲ့ဝန်ကြီးများသည် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်လုံခြုံးရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး၊ ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့်လမ်းပန်းဝန်ကြီး၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျှက် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် ရှိသော ဘားအံခရိုင်၊ လိပ်သိုမြို့၊ ယာဒိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျေးရွာဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယာဒိုဒေသသည် ငြိမ်းချမ်း လာသည်နှင့် အညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါသောကြောင့် ဒေသဖွံ့ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း တက်ရောက်လာကြသည့် ယာဒိုကျေးရွာနှင့် ပတ်ဝန်ကျင်ကျေးရွာများမှ ဒေသခံများအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို အကြုံပြုတောင်းဆိုကြစေလိုပ်ကြောင်း၊ ဒီဒေသသည် ကော်ဖီ၊ နနွင်း၊ ဖာလာများလည်းအထွက်ကောင်းသည့်အတွက် များများစိုက်ပျိုးစေလိုပါကြောင်း၊ တောင်ငူ-လိပ်သို-ယာဒို- လွိုင်ကော်-ဟိုပုံးလမ်းအပိုင်းကို ၂၀၁၉-၂၀ဝ၀ ဘဏ္ဍာနှစ်တွင် ထပ်မံ အဆင့်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသေားဒေသခံများမှ လမ်းမကြီးသည် ကတ္တရာလမ်းအဖြစ်ရရှိလာပြီး နောက်ပိုင်း ဒေသစိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်အတွက်များစွာအထောက်အကူဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာချင်းဆက်လမ်းများ လိုအပ်သေးပါကြောင်းနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေးတွင် ကျောင်းဆောင်သစ် တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးတွင် တိုက်နယ်ဆေးရုံနှင့် စိုက်ပျိုးရေးကဏ္ဍများ ရေရရှိရေးတို့အတွက် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးများအတွက် တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းကာ ဆောင်ရွက်ပေးနိုင်သည့်များကို ဖြေကြားပေးခဲ့ပြီး ယာဒို၊ မှတ်ချောင်း၊ လိုရာဒို၊ ပရာယ်စော်၊ ကျေးရွာစာသင်ကျောင်းများ၊ ကျေးလက်ကျန်မာရေးဌာနခွဲများနှင့် အုပ်ချုပ်ရေးရုံးအတွက် ဆိုလာမီးများ၊ ကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံပေးခဲ့ပြီး ဘုန်တော်ကြီးကျောင်း တည်ဆောက်ရေး ဘိလပ်မြေအိတ်(၁၀ဝ)အတွက် အလှူငွေ(၇)သိန်းအား လှူဒါန်းရာယာဒို ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံ ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်နမိတ် မှတ်တိုင်အား သွားရောက်ကြည့်ရှုခဲ့ပြီး ထို့မှတဆင့် ယာဒို- လိပ်သို-တောင်ငူလမ်းအပိုင်း လမ်းနှင့် လမ်းတံတားများအား ကြည့်စစ်ဆေးခဲ့ပြီး လမ်းမအပေါ်ရှိ ခဲချောင်းကျေးရွာ၊ သောက်ရေခတ်ကျေးရွာ၊ သကွဲပလိုကျေးရွာ၊ ဗဟုန်းကျေးရွာနှင့် မစကျေးရွာများဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ကျောင်းနှင့် ကျန်းမာရေး ဌာနခွဲများ အတွက် ဆိုလာမီး၊ အားကစားပစ္စည်းနှင့် ဆန်းအစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် လိပ်သို့မြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမတွင် ဒေသခံပြည်သူများ၊လိပ်သိုမြို့၊သံတောင်မြို့နှင့်သံတောင်ကြီးမြို့နယ်များမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး များအတွက် ပေါင်းစပ်ဖြည့်ဆည်းကာ ဆိုလာမီးများ၊အားကစားပစ္စည်းနှင့် စာရေးကရိယာများ ထောက်ပံ့ပေးခဲ့ကာ ထိုမှတဆင့် အလယ်ချောင်းကျေးရွာ၊ ဇလဲ(ကဗ္ဗလာခြံ)ကျေးရွာ၊ သံမိုးတောင်ကျေးရွာ၊ မီးခတ်ချောင်းကျေးရွာမှားမှ ကျောင်းနှင့် ကျန်းမာရေးဌာနခွဲများအတွက် ဆိုလာမီး၊ အားကစားပစ္စည်းနှင့် အသုံးအဆောင်များ ပေးအပ်ကာ ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ငူ-လိပ်သို-ယာဒို- လွိုင်ကော်-ဟိုပုံးလမ်းသည် ပဲခူး-ကရင်-ရှမ်း-ကယားပြည်နယ် နှင့် တိုင်းများကို ဆက်သွယ်သွားလာနိုင်သော လမ်းအပိုင်းဖြစ်သောကြောင့် ၂၀၁၉-၂၀ဝ၀ ဘဏ္ဍာ နှစ်တွင် အဆင့်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာဒိုကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ရေအားလျှပ်စစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်နေလျှက်ရှိပြီး လိပ်သိုမြို့သည် (၂၄)နာရီလျှပ်စစ်မီးရရှိသွားပြီးဖြစ်သော လိပ်သို့ မြို့ရှိ ယခင်အသုံးပြုခဲ့သော ဒီဇယ်အင်ဂျင်မီးစက်ကြီးအား ပြောင်းရွှေ့ကာ လျှပ်စစ်မီးရရှိရေး သက်ဆိုင်ရာသို့ တင်ပြထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)