လွိုင်ကော် ၃၀ ဇန်နဝါရီ  


ပြည်နယ်အဆင့် ဆယ်အိမ်မှူးဆင့်ပွားသင်တန်းနှင့် အာဟာရသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ကယားပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌  ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာစန်းစန်းမြင့်အောင် က သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ (ဗဟို)မှ လွိုင်ကော်မြို့နယ် သားဖွားခန်းအတွက် ကလေးပုခက် နှင့် ကလေမူကြိုကျောင်းများသို့ ကျောင်းဝတ်စုံများ ထောက်ပံ့ပေး အပ်ခဲ့သည်။

 

mdn


အဆိုပါသင်တန်းကို ဘာသာရပ် ၁၂ ခု ဖြစ်သည့် ကျန်းမာရေးပညာပေးလုပ်ငန်း ၊ မျိုးဆက်ပွား ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းခြင်း ၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် ပါဝင်ကူညီခြင်း၊ ရွေ့လျားဆေးကုသခြင်း လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ၊ တိုင်းရင်းဆေးပညာ ၊ ပညာရေး စောင့်ရှောက်မှု လုပ်ငန်းများ ၊ စီးပွားရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ၊ လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများကို သင်းတန်းသူ ၅၀ တို့အား ၂ ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ကျော်စိုး

 

mdn