နေပြည်တော် ၃၀ ဇန်နဝါရီ 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် သစ်နှင့်သစ်တောထွက်ပစ္စည်းများ တရားမဝင်ခိုးထုတ်နေမှုကို နည်းလမ်းမျိုးစုံဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိရာ ပြည်သူများပူးပေါင်းပါဝင်မှုသည့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ (၅)ရက် အတွင်း တရားမဝင်သစ်ခိုးထုတ်သူ (၂၄)ဦးကို ဖမ်းဆီးရမိသည်။


အဆိုပါ တရားမဝင်သစ်ခိုးထုတ်သူများနှင့်အတူ ယာဉ်/ယန္တရား(၂၉)စီး၊ ကျွန်း(၄၃၉ ဒသမ ၄၁၆၄) တန်၊ သစ်မာ(၁၃၄ ဒသမ ၅၇၆၀) တန်နှင့် အခြားသား (၃၁၇ ဒသမ ၂၀၈၆) တန် စုစု ပေါင်း သစ်လုံး/ခွဲသားတန် (၈၉၁ ဒသမ ၂၀၁၀)တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီး ဌာနမှသိရသည်။


မျိုးသူဟိန်း

 

MDN