ရေကြည် ၃၀ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ဒုတိယအကြိမ် စွန့်လွတ် မြေဧက (၁၃၀ဝ) အား မြေယာမဲ့ တောင်သူများအား အမြန်ချထားပေးရန် ဆန္ဒဖော်ထုတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း နေဝင်းရပ်ကွက် ဘောလုံးကွင်းမှစ၍ နေဝင်း (၁၀) လမ်း နေဝင်းလမ်းမကြီး အောင်ဆန်းလမ်း မြို့ပတ်လမ်း သံလမ်းကုန်း ဆရာစံ(၁)လမ်းတို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖေါ်ထုတ်ခဲ့သည်။

ဆန္ဒဖေါ်ထုတ်ရာတွင် ရေကြည်မြို့နယ် သရက်ချောင်းအုပ်စု အလယ်စုရွာနေ ဦးမျိုးလှိုင် ဦးဆောင်သော အဖွဲ့သည် ပိုစတာများ ကိုင်ဆောင်ကာ လူအင်အား (၁၄၅) ဦးတို့သည် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။
MDN
